Local News

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရုတ်တိုင်းရင်းဆေးများ တင်ပို့ခြင်းအတွက် GACC မှ အကြောင်း ကြားလာခြင်း

Last Updated:

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရုတ်တိုင်းရင်းဆေးများ တင်ပို့ခြင်းအတွက် မြန်မာအစိုးရ ဘက်မှ ကြီးကြပ်စီမံခန့်ခွဲမှုစနစ်ကို ပြန်လည်သုံးသပ်သည့်အနေဖြင့် စစ်ဆေးရန်နှင့် မြန်မာနိုင်ငံမှ လုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီများ မှတ်ပုံတင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ ပေကျင်းမြို့၊ GACC အောက်ရှိ Department of Animal of Plant Quarantine ဌာနမှ ပေးပို့လာပါသည်။ အဆိုပါစာတွင် အောက်ဖော်ပြပါအချက်များ ဖော်ပြပါရှိပါသည်-

(က) မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်သွင်း/ တင်ပို့လျက်ရှိသည့် တရုတ်တိုင်းရင်းဆေး များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မြန်မာအစိုးရဘက်မှ ကြီးကြပ်စီမံခန့်ခွဲရေး စနစ်ကို ပြန်လည်သုံးသပ်သည့်အနေဖြင့် ပြန်လည်စစ်ဆေးပေးမည်ဖြစ်ကြောင်း၊

(ခ)တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသော ပြည်ပထုတ်လုပ်ရေးလုပ်ငန်း ကုမ္ပဏီများအတွက်  မှတ်ပုံတင်စနစ်ကို ကျင့်သုံး ဆောင်ရွက်မည်ဖြစ်ကြောင်း၊

( ဂ )မြန်မာနိုင်ငံမှ ဆေးဝါးများတင်ပို့သည့် ကုမ္ပဏီများကို မြန်မာဘက်ရှိ အဓိက စီမံခန့် ခွဲရေး လုပ်ငန်းဌာနများမှ တရုတ်နိုင်ငံ အကောက်ခွန်ရုံးချုပ် (GACC) သို့ မိတ်ဆက် ပေး ရမည်ဖြစ်ပါကြောင်း၊ တရုတ်ဘက်မှ သက်ဆိုင်ရာသတ်မှတ်ချက်များ နှင့်အညီ မှတ်ပုံတင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊

(ဃ)မှတ်ပုံတင်ခွင့်ရရှိသော ကုမ္ပဏီများ၏ အချက်အလက်များကို တရုတ်နိုင်ငံ၊ GACC Department of Animal and Plant Quarantine ၏ Website ဖြစ်သည့် (http://dzs.customs.gov.cn/)တွင် ရှာဖွေစိစစ်နိုင်ပါကြောင်း၊

( င )၁၅-၂-၂၀၂၃ ရက်မတိုင်မီ ဖော်ပြပါ အစိုးရဘက်ကြီးကြပ်စီမံခန့်ခွဲရေးစနစ်ကို ပြန်လည် သုံးသပ်သောသဘောဖြင့် ပြန်လည်စစ်ဆေးခြင်း၊ လုပ်ငန်းကုမ္ပဏီများ မှတ်ပုံတင်ရန် လျှောက်ထားခြင်းနှင့် သက်ဆိုင်သော အချက်အလက်များကို GACC၊ Department of Animal and Plant Quarantine ၏ အီးမေးလ် လိပ်စာဖြစ်သည့် [email protected] သို့ ပေးပို့ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း၊

 

 

 

                                                                                                                                                            ရုံးလုပ်ငန်းအဖွဲ့

               တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့အစားအသောက်

             တင်ပို့သည့်လုပ်ငန်းများမှတ်ပုံတင်မည့်ကိစ္စနှင့်

             ထောက်ခံချက်ပေးနိုင်ရေးအတွက်လုပ်ငန်းအဖွဲ့

 

Category: Local News